Tuesday, February 10, 2009

စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုကို ကျွန်တော်၏ မိသားစုတွင် ကိုယ်တွေ့ ခံစားရခြင်း အကြောင်း

by Kaang Lamh Cin
ကျွန်တော်၏ ဖခင်သည်မိသားစုဘဝတွင်၎င်း၊ အစိုးရဝန်ထမ်းအဖြစ် လုပ်ကိုင် ရာတွင်၎င်း၊ ဘာသာရေးတွင်၎င်း ကြိုးစားရိုးသားစွာဖြင့် တာဝန်ပေးအပ်ခြင်းခံရပါက ပြီး ဆုံးသည့်တိုင်အောင် တာဝန်ထမ်းဆောင်သူဖြစ်ပါသည်။တီးတိန်မြို့ Cope Memorial Baptist Church တွင်အသင်းထောက်လူကြီးတစ်ယောက်ဖြစ်ပါသည်။ ၁၉၉၅ခုနှစ်တွင် ဘုရားကျောင်းရုံးခန်းဆာက်လုပ်ခြင်းကော်မတီ၌အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန် ပေးအပ်ခြင်းခံခဲ့ရပါသည်။ ဤဘုရားကျောင်းရုံးခန်းဆောက်လုပ်ခြင်းအား စစ်အစိုးရမှ ရပ်တန့်ရန်ပြောဆိုခြင်း၊တားဆီးနှောက်ယှက်ခြင်းများ မကြာခဏ ခံခဲ့ရပါသည်။ ကျွန် တော့် ဖခင်သည်အခက်အခဲများကြားမှ ကြိုးစား၍ဆက်လက်ဆောက် လုပ်ခဲ့ ပါသည်
၁၉၉၆-၇-၂၃ ရက်နေ့တွင် ဆောက်လုပ်နေဆဲဘုရားကျောင်းရုံးခန်းအတွက်လိုအပ်
နေသောကိစ္ဓများ ဆောင်ရွက်ရန်မြို့ထဲသို့အသွား ညနေပိုင်း ၃ နာရီခန့်တွင်လမ်းဘေး၌ တီးတိန်မြို့ ခ.လ.ရ ၂၆၉ တပ်ရင်းမှ စစ်ကားဖြင့် တိုက်သတ်ခြင်းခံခဲ့ရပါသည်။ ကျွန်တော်
၏ဖခင်သည် လည်ပင်းရိုးကျိုး၍ ထိုနေရာ၌ပင်ပွဲခြင်းပြီးသေးဆုံးခဲ့ပါသည်။ ကျွန်တော့်ဖခင်
အားစစ်ကားဖြင့် တိုက်သတ်သောနေရာသည် ကားလမ်းမပေါ်တွင်မဟုတ်ပါ ကားလမ်း ဘေးတွင်ရှောင်တိမ်းနေပါလျှက် တမင်သက်သက်ဝင်တိုက်ခြင်းဖြစ်ပါသည်။ ထိုနေရာမှ
ကားဆက်သွားပါကချောက်ထဲသို့ ကျရောက်မည်ဖြစ်ပါသည်။ ထို့ကြောင့် တမင်သက်သက်
တိုက်သတ်ခြင်းဖြစ်ကြောင်းပေါ်လွှင်လှပါသည်။
ဆရာဝန်သည် ကျွန်တော့် ဖခင်အားစစ်သားများမှစစ်ကားဖြင့်တိုက်သတ်ဖြင်းဖြစ်
ကြောင်းသိရှိသဖြင့် အလောင်းကိုစစ်ဆေးပေးရန်ငြင်းဆိုပါသည်။ ဖခင်ဖြစ်သူအသတ်ခံရ
ခြင်းကြောင့်ကျွန်တော်တို့မိသားစုမှာ စိတ်ထိခိုက်ကြေကွဲဝမ်းနည်း၍ မဆုံးဖြစ်ခဲပါရပါသည်။
ကျွန်တော့်ဖခင် အားစစ်ကားဖြင့်တိုက်သတ်ခြင်းခံရခြင်းအားရဲစခန်းတွင် တိုင်ချက်ဖွင့်ဆိုခဲ့
သော်လည်း ငြင်းပယ်ခြင်းကို ခံခဲ့ရပါသည်။ ခ.လ.ရ ၂၆၉ တပ်ရင်းမှုးဗိုလ်မှုးကြီးမောင်မောင်
တင် ထံသို့ကျွန်တော့် ဖခင်အားစစ်ကားဖြင့်ခဲ့သော ယာဉ်မောင်းစစ်သား သိန်းတန် အား အရေးယူ ဆောင်ရွက်ပေးရန်အတွက် တောင်းဆိုရန်သွားရောက်ခဲ့သော်လည်း တွေ့ဆုံရန် ငြင်းပယ် ခဲ့ပါသည်။ ဤကြေကွဲဖွယ်ဖြစ်ရပ်နှင့်ပတ်သက်၍ တီးတိန်မြို့ လူငယ်များမှာ မကျေမနပ် ဖြစ်ခါကျွန်တော့်ဖခင်ဖြစ်သူအား စစ်ကားဖြင့် တိုက်သတ်ခဲ့သော ယာဉ်မောင်း စစ်သားသိန်းတန်အား အရေးယူပေးရန်အတွက် ဆန္ဒပြတောင်းဆိုရန် စီစဉ်နေကြပါသည်။ ထိုကိစ္ဓအား ရပ်ကွက် လူကြီးများမှသိရှိသောအခါ လူငယ်များဆန္ဒမပြရန်အတွက် တားမြစ် ပေးရန်နှင့်လူငယ်များ ဆန္ဒပြပါကကျွန်တော်တို့ မိသားစုအပေါ်တွင် အန္တရာယ် ကျရောက် မည် ဖြစ်ကြောင်း ခြိမ်းခြောက်တားဆီးခြင်းခံခဲ့ရပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ ကျွန် တော့် အား ရဲစခန်းတွင် ခေါ်ဆောင်စစ်ဆေး၍ လက်သီးနှင့်မျက်နှာကို ပြင်းထန်စွာ ထိုးနှက် ခြင်းခံခဲ့ရပြီး နှာခေါင်းမှ သွေးများစွာ ယိုစီးခဲ့ရပါသည်။ အသတ်ခံရသော ဖခင်ဖြစ်သူ အ ကြောင်းဖွင့်ဟပြောဆိုခြင်းမပြုရန်နှင့် ပြောဆိုပါက မိသားစုအပေါ်တွင် အသက်အန္တ ရာယ်ကျရောက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆို၍ ဝန်ခံကတိထိုးခိုင်းခဲ့ပါသည်။ ကျွန်တော့ဖခင်အားစစ်ကားဖြင့် တိုက်သတ်ခဲ့သော ခ.လ.ရ ၂၆၉ မှ ယဉ်မောင်း စစ်သား သိန်းတန်အားအရေးယူဆောင်ရွက်ခြင်းမပြု ဘဲတစ်ခြားတပ်ရင်းသို့ ပြောင်းရွေှ့ခိုင်းပါသည်။
အာဏာပိုင်များမှခြိမ်းခြောက်တားဆီးပြီးနောက်ပိုင်း ကျွန်တော်တို့မိသားစုမှာလည်း ဖခင်ဖြစ်သူအသတ်ခံရခြင်းကိစ္ဓအားဖွင့်ဟပြောဆိုခြင်း မပြုလုပ်ရဲတော့ပါ။ နာကြည်းစွာဖြင့် ငြိမ်ခံခဲ့ရပါသည်။ စစ်တပ်မှ မတရား ဉပဒေမဲ့ပြုမှုသည့် ကိစ္စများကို ဖော်ထုတ်ခြင်း၊ တိုင်ကြားခြင်း မပြုရန်အတွက် အမြဲတန်း ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းခံ နေရပါသည်။ ဤကိစ္စအတွက်လည်း ကျွန်တော်၏ လှုပ်ရှားမှုများကို စစ်ထောက်လှမ်းရေးမှ အမြဲတမ်း စောင့်ကြည့်နေပါသည်။ နိင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် သတင်း မိဒီယာများတွင် သတင်းပို့တိုင်ကြားခြင်းမပြုရန် အတွက် အမြဲတမ်း ခြိမ်းခြောက်ခံ ခဲ့ရပါသည်။
ဤကဲ့သို့ ဖခင်ဖြစ်သူ၏ အသက်ကို ရက်စက်စွာ သတ်ဖြတ်သွားသော စစ်အစိုးရ အပေါ် ကျွန်တော်တို့သည် တရားဥပဒေအရ အရေးယူဆောင်ရွက်ခွင့်မရှိသည့်အပြင် စစ်အုပ်စု၏ ခြိမ်းခြောက်ရိုက်နှက်ခြင်း၊ အမှုမှန်ကိုဖုံးကွယ်ခြင်း စသည့် လူမဆန်သည့်လုပ် ရပ်များကို ကိုယ်တိုင်ခံစားခဲ့ရပါသည်။

No comments:

Post a Comment