Sunday, August 16, 2009

အမေရိကန်ဆီနိတ်တာ ဂျင်ဝက်ဗ် က ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်သန်းရွှေ စစ်အုပ်စုကို သီးခြားစီ တွေ့




ယမန်နေ့က မြန်မာပြည်သို့ အာရှဒေသတွင်း လှည့်လည် ခရီးစဉ်ဖြင့် ရောက်ရှိလာသော အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝက်ဗ်သည် ယနေ့တွင် စစ်အုပ်စုနှင့် နေပြည်တော်တွင် လည်းကောင်း၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တော်တွင် လည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့သည်။ စစ်အုပ်စုက ၎င်းတို့ ဖမ်းဆီးထားသော အမေရိကန်သား ယက်တောကို အကျဉ်းက လွှတ်ပေးလိုက်မည်ဟု ဆိုသည်။ (ဓာတ်ပုံ အင်တာနက်၊ အေပီ၊ ရိုက်တာ၊ ယာဟူး၊ အမ်အာရ်တီဗီ)


Posted by Maung at 10:55 AM 0 comments Links to this post

Thursday, August 13, 2009

တရုတ်ပြည်က စစ်အစိုးရ၏ တရားစီရင်ချက်ကို ထောက်ခံ


ရန်ကုန်မြို့ လက်ဖက်ရည်ဆိုင်တဆိုင်တွင် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်ခံသည့် သတင်းကို စိတ်ဝင်တစား ဖတ်ရှုနေသူတဦး။

ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိကြောင်း စီရင်ချက် ချလိုက်သည့်
စစ်အစိုးရက
ို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက် နေချိန်တွင် တရုတ်နိုင်ငံက မြန်မာစစ်အစိုးရ၏ အဆုံးအဖြတ်ကို လက်ခံကြရန် တိုက်တွန်းလိုက်သည်။ "နိုင်ငံတကာ အသိုင်းအ၀ိုင်းသည် မြန်မာနိုင်ငံ၏ တရားစီရင်နိုင်ခွင့်ကို အပြည့်အ၀ လေးစားသင့်သည်" ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးက ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ရေးထားသည်။ (photos: Reuters, AP)


အိန္ဒိယနိုင်ငံရောက် မြန်မာပြည်သားနိုင်ငံရေးသမားတို့က မြန်မာသံရုံးသို့ သွားပြီး ဆန္ဒပြ ကန့်ကွက်နေပုံ။
နယူးဒေလီမြို့ မြန်မာသံရုံးရှေ့ ယနေ့ မြင်ကွင်း

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ မြန်မာသံရုံးရှေ့ တွင် ယနေ့ ပြုလုပ်ကြသည့် ဆန္ဒပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို တောင်းဆိုကြသည်။

Wednesday, August 12, 2009

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချတဲ့နေ့





အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ ဗြိတိသျှ သံရုံးတွင် ဗြိတိသျှ သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ နောက်ခံဖြင့် ယနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ဆွီဒင်နိုင်ငံ ၀န်ကြီးချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချလိုက်သည်။ ဆွီဒင်သည် ဥရောပသမဂ္ဂ၏ အလှည့်ကျ ဥက္ကဌတာဝန်ကို ယူထားသည်။ (photos: AP and Reuters)



ယနေ့ အင်းစိန်ထောင်ဝန်းကျင်မြင်ကွင်း။ ဆန္ဒပြမှုများ ဖြစ်ပေါ်လာပါက နှိပ်ကွပ်ရန် လုံခြုံရေးယူထားသည့် လုံထိန်းများ၊ သံတမန် မော်တော်ယာဉ်တန်းကို လမ်းရှင်းပေးနေသည့် တပ်ထိန်းများ၊ အင်းစိန်ထောင်သို့ ချည်းကပ်ရာလမ်းတခုရှိ စစ်ဆေးရေးဂိတ်။

ယနေ့ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမာခံ အဖွဲ့ဝင် ၂ ဦး။


တောင်ကိုရီးယား နှင့် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးများရှေ့ မြင်ကွင်းများ။




ဗြိတိန် နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့ရှိ မြန်မာသံရုံးများရှေ့တွင် ဆန္ဒပြနေသူများ။ ဗြိတိန်ရှိ မြန်မာသံရုံးက ယာယီပိတ်ထားကြောင်း ဆိုင်းဘုတ် ချိတ်ထားသည်။

Tuesday, August 11, 2009

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ်ချ

နိုင်ငံတကာ သတင်းအေဂျင်စီများ

သြဂုတ် ၁၁၊ ၂၀၀၉

နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကို ထိပါးစေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်ရှိကြောင်း စစ်အစိုးရတရားရုံးက ဆုံးဖြတ်ပြီး ဒေါ်စုကို ထောင်ဒဏ် ၃ နှစ် ချလိုက်သည်။ သို့သော် စစ်ခေါင်းဆောင်များ၏ အမိန့်အရ ထောင်ဒဏ်ကို နေအိမ်အကျယ်ချုပ် ၁၈ လ အဖြစ် ချက်ခြင်း ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အမိန့်ချသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ၀င်ရောက်ခဲ့သူ အမေရိကန်သားယက်တောကို စွဲဆိုထားချက်များဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

ဒေါ်စုနှင့် အနီးကပ်မိတ်ဆွေ ၂ ဦးကိုလည်း ဒေါ်စုနှင့်အတူ ပြစ်ဒဏ်ချမှတ်လိုက်သောကြောင့် ၎င်းတို့လည်း အကျယ်ချုပ်ဖြင့် ၁၈ လ နေအိမ်တွင် ကျခံရမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွေှ့၏ အထူးအမိန့်ကြောင့် ထောင်ဒဏ် ၃နှစ်မှာ အကျယ်ချုပ် ၁၈ လ အဖြစ် လျှော့ချ ကျခံရခြင်းဖြစ်သော်လည်း ကျန်ရှိသည့် ထောင်ဒဏ် ၁၈ လမှာ ဆိုင်းငံ့ထောင်ဒဏ်အဖြစ် ရှိနေမည်ဖြစ်သည်ဟု ဆိုကြောင်း သိရသည်။