Wednesday, May 27, 2009

ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင် သတ္တမမြောက်နေ့ - မြင်ကွင်း



မိုးမခ

မေ ၂၆၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်ထားသည့် နေအိမ်အကျယ်ချုပ် ၁၀ (ခ) ကို ပယ်ဖျက်ကြောင်း ရဲချုပ် ခင်ရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ယခု ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်း မဟုတ်ဘဲ အကျယ်ချုပ်ကို ဖောက်ဖျက်သဖြင့် ဆက်လက်ဖမ်းဆီး တရားစွဲဆိုထားသည့် သဘောဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်က သီးခြားလျောက်လဲချက် ကို ရှေ့နေများကတဆင့်ပေးပြီး ဖတ်ကြားစေသည်ဟု ဆိုသည်။ ဒေါ်စုက သူ့တွင် အပြစ်မရှိဟု ပြောကြားခြင်း ဖြစ်သည်။ ဒေါ်စု၏ စတိတ်မင့်အဖြစ် တရားခွင်က မှတ်တမ်းတင်ရမည် ဖြစ်သော်လည်း ဒေါ်စုက တရားခွင်မေးခွန်းများကို အမေးမခံဟု ဆိုသည်။

ရှေ့နေဦးကြည်ဝင်း မှလွဲ၍ အခြားရှေ့နေများနှင့် ဒေါ်စုတွေ့ဆုံခွင့်ရသည်ဟု သိရသည်။ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမနှင့် ယက်တောတို့ကို မနက်ဖြန်တွင် စစ်မေးမည်ဟု သိရသည်။ ဒေါ်စုဖက်မှ သက်သေများအဖြစ် ဦးဝင်းတင်၊ ဦးတင်ဦး (ယခုအကျယ်ချုပ်ခံနေရသူ ပါတီခေါင်းဆောင်)၊ ဒေါ်မိုးမိုး (ရှမ်းပြည်နယ်၊ လွှတ်တော်ကိုယ်စားလှယ်) တို့ လိုက်ပါမည်ဟု ဆိုသည်။ အမှန်တကယ် ခွင့်ပြုမည်ကို မသိရသေး။

အင်းစိန်ထောင်ရှေ့တွင် ပြည်သူများ လူ ၁၀၀ နီးပါး စုဝေးနေခဲ့ကြသည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာပိုင်များက နေအိမ်သို့ ခေါ်ဆောင်သွားသည်ဟုလည်း သတင်းထွက်ခဲ့သည်။

အင်န်အယ်ဒီပါတီက ကြေငြာချက် - ၁၂။၀၅။၀၉ နှင့် ထုတ်ပြန်ရာတွင် - လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ လုံခြုံရေး ချိုးဖောက်သူများကို တရားရုံးက အရေးယူမှု၊ တရားစွဲဆိုမှု တစုံတရာမရှိခြင်း၊ နေ့စဉ်ရက်ဆက် စစ်ဆေးနေချိန်တွင် လွတ်လပ်ပြီး တရားမျှတမှု မရှိခြင်းတို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆောင်ရွက်သူ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ကြေငြာထားသည်ကို တွေ့ရသည်။

(ဓာတ်ပုံများ - မေ ၂၆၊ ၂၀၀၉ - အင်န်အယ်ဒီပါတီ ရုံးချုပ် သတင်းစာရှင်းလင်းပွဲ မြင်ကွင်း၊ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း၊ သတင်းထောက်များ၊ ပါတီဝင်များ)

No comments:

Post a Comment