Saturday, May 30, 2009

ဒေါ်စု ကျန်းမာရေး ထိခိုက်၊ ရုံးချိန်း နောက်ဆုတ်



Reuters သတင်းဌာန

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို “အထူးစိုးရိမ်မိသည်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ကြေငြာချက် ၁၆၊ ၀၅။ ၀၉ ထုတ်ြပန်ပြီး ပြောကြားလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်က ကြွက်တက်တဲ့ ဝေဒနာကြောင့် ညဘက် ကောင်းကောင်း အိပ်လို့မရဘူးလို့ ကျနော်တို့ သိရတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

တရားရုံးက အပြီးသတ် လျှောက်လဲချက်များကို ကြားနာရန် တနင်္လာနေ့ (ဇွန် ၁ ရက်နေ့) ကို သတ်မှတ်ထားသော်လည်း ဇွန်လ ၅ ရက်နေ့သို့ ပြောင်းရွှေ့သတ်မှတ်လိုက်သည်ဟု ဆိုသည်။

အာဏာပိုင်တို့က မည်သည့်အကြောင်းကြောင့် ရုံးချိန်း ပြောင်းရွှေ့သည်ကိုမူ ပြောကြားခြင်းမရှိဟု ဦးဉာဏ်ဝင်းက ပြောသည်။

No comments:

Post a Comment