Wednesday, May 27, 2009

ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ရန် အိုဘားမား ပြောပြီ


AP သတင်းဌာန

သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရန် မြန်မာစစ်အစိုးရအား ယမန်နေ့က တောင်းဆိုလိုက်သည်။

အိုဘားမား၏ ထုတ်ပြန် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားခြင်းကို ရှုတ်ချကြောင်း ဖော်ပြထားသည်။ တရားဥပဒေ နှင့် ပြည်သူလူထုကို လေးစားသောအားဖြင့် သူ့အား ချွင်းချက်မရှိ ချက်ချင်း လွှတ်ရန် တောင်းဆိုထားသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားအဖွဲ့များ၊ အတိုက်အခံ အဖွဲ့များနှင့် လက်တွဲ ဆောင်ရွက်ရန် အခွင့်အခါကောင်း ဖြစ်ကြောင်းကိုလည်း စစ်အစိုးရကို တိုက်တွန်းထားသည်။

No comments:

Post a Comment